ရွှေသောင်ယံမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပ

ရွှေသောင်ယံ ဒီဇင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ-ထ-က (ရွှေသောင်ယံ)တွင် ယနေ့နံနက် (၉)နာရီခွဲအချိန်က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ရောက်ရှိမည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများကို အ-ထ-က (ရွှေသောင်ယံ)ရှိ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူများမှ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ထုတ်ဆီးထိုးအားကစားပြိုင်ပွဲ၊ ပူစီပေါင်းဖေါက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲများအပြင် အခြားကစားနည်းများစွာဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

ထိုသို့ အားကစားပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ကာယ၊ ညာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်ကာ ကျန်းမာပျော်ရွှင် ထက်မြက်သော အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်သည်။ ထို့ပြင် အချင်းချင်း ပူးပေါင်းဆောင်ရွက်လိုသည့်စိတ်ဖြင့် စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေမည်ဖြစ်ပြီး ထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ကြောင်း သိရသည်။

ကိုကိုမောင်