သတင်းများ

မြစ်ကြီးနားမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Dec 28,2021
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲအား ယနေ့နံနက် ၁၀ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ကျင်းပခဲ့သည်။
အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲဗီဇပြောင်း ရောဂါပိုးအိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်
Dec 28,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲဗီဇပြောင်းရောဂါ ပိုးအိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် ရပ်ကွက်/ကျေးရွာများသို့ သုံးဘီး မော်တော်ယာဉ်ဖြင့် လိုက်လံအသိပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Third Phase နှင့် Four Phase (ဒုတိယအကြိမ်)အဖြစ် စတင်ထိုးနှံပေး
Dec 28,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် အသက်(၁၈)နှစ် နှင့်အထက် ပြည်သူများနှင့် ဦးစားပေး အုပ်စုအလိုက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Third Phase နှင့် Four Phase (ဒုတိယအကြိမ်) အဖြစ် ဂွမြို့ စုရပ်ဖြစ်သည့် သာသနာ့ဗိမ္မာန်၊ ပိန္နဲကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းနှင့် ကျိန္တလီထွေ/အုပ်ခန်းမ စသည့်စုရပ်များအလိုက် သတ်မှတ် နေရာများတွင် ယမန်နေ့ နံနက်ပိုင်းမှစ၍ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်
ဘူးသီးတောင်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လက်တွေ့သရုပ်ပြ အခမ်းအနားကျင်းပ
Dec 28,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးထွန်းဝင်းနိုင်ဦးဆောင်၍ မီးသတ် တပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၉ နာရီ အချိန်က ဘူးသီးတောင်မြို့နယ် ရွာမကျေးရွာ၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး လက်တွေ့သရုပ်ပြ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်သူ့စာကြည့်တိုက်တွင် အသိပညာပေး လုပ်ငန်းများဆောင်ရွက်ပေး
Dec 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် အတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း Online မှတစ်ဆင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မြောင်းမြခရိုင် Community Center တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (Talk Show) ကျင်းပ
Dec 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Center)တွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ် မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (Talk Show) ကျင်းပ ပြုလုပ်ခဲ့သည်။
ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ရပ်ကွက်(၅)ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Dec 28,2021
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယမန်နေ့ နံနက် (၉) နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံသူ စုစုပေါင်း(၇၆)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား စတုတ္ထအသုတ်ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ
Dec 28,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက်ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီမှ ညနေ ၄ နာရီအထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။