ရေကြည်မြို့ကို သန့်ရှင်းသာယာလှပသောမြို့အဖြစ် ဆောင်ရွက်နိုင်ရန် တိုက်တွန်းနှိုးဆော်

ရေကြည်  ဒီဇင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ရေကြည်မြို့နယ်တွင် မြို့ရွာသန့်ရှင်းသာယာလှပရေးအတွက် အမှိုက်ကင်းစင်ရေး လုပ်ငန်းများကို ပြည်သူများနှင့် အတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တိုက်တွန်းနိုးဆော်ခြင်းနှင့် စစ်ဆေးဆောင် ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ပိတောက်ချောင်လမ်းဆုံတွင် ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များပေါ်တွင် အမှိုက်များ မပစ်ချစေရန်၊ ယာဉ်ပေါ်တွင်ပါလာသော ခရီးသည်များအား နှာခေါင်းစည်းများ တပ်ဆင်ကြရန် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါမြို့ သန့်ရှင်းသာယာလှပစေရန်အတွက် သက်ဆိုင်ရာ လမ်းနယ်နိမိတ်နှင့် စည်ပင်သာယာနယ်နိမိတ်တို့တွင် အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ ခရီးသွားပြည်သူများ သိရှိလိုက်နာဆောင်ရွက်စေရန် မြို့ဝင်မြို့ထွက်နှင့် ယာဉ်ရပ်နားစခန်းတို့တွင် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးဟောပြောခြင်း၊ စည်း ကမ်းမဲ့အမှိုက်ပစ်သူများအား စစ်ဆေးဖော်ထုတ်၍ အသိပညာပေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း လုပ်ငန်းများ ကိုဆောင်ရွက်လျက်ရှိပြီး အပါတ်စဉ် စနေနေ့တိုင်းတွင်လည်း စည်ပင်သာယာရေးအဖွဲ့ပိုင်လမ်းများနှင့် ကျေးရွာချင်း ဆက်လမ်းများအား လမ်းဘေးဝဲယာများတွင် အမှိုက်ကင်းစင်ရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)