ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကမ္ဘာတည်သရွေ့ခိုင်မြဲဖို့ လွတ်လပ်ရေးကို ထိန်းသိမ်းစို့ Talk Show ပြုလုပ်

ဖြူး    ဒီဇင်ဘာ   ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖြူးမြို့နယ် စာရေးဆရာ အသင်းတို့ ပူးပေါင်း၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကမ္ဘာတည်သရွေ့ခိုင်မြဲဖို့ လွတ်လပ်ရေးကိုထိန်းသိမ်းစို့ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ဖြူးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက  လွတ်လပ်ရေးနေ့အကြိုအနေဖြင့် မျိုးဆက်သစ်လူငယ်များပါမကျန် လူတိုင်းအတွက် လွတ်လပ်ရေးကို ထိန်းသိမ်းနိုင်ရေးအတွက်နှင့် လွတ်လပ်ရေးရရှိလာပုံ အဆင့်ဆင့်အား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် ရည်ရွယ်ကာ  အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း  ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဖြူးမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက ကိုလိုနီခေတ်ဦးတွင် မြန်မာမျိုးချစ်များ အရေးတော်ပုံ ရှုံးနိမ့်ခဲ့ပြီးနောက် မျိုးချစ်စိတ်ဓါတ်များနိုးကြားလာကာ မြန်မာ့ လွတ်လပ်ရေးကို အဆင့်ဆင့် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး အရယူခဲ့ပုံနှင့် လွတ်လပ်ရေးကို ထိန်းသိမ်းသွားလာနိုင်ဖို့လိုကြောင်းတို့ကို ဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။

နေမျိုးလွင်