သတင်းများ

ကျိုက်ဒုံမြို့၌ ပိုးကရင်ဘာသာ၊စကောကရင်ဘာသာ၊ မြန်မာဘာသာဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန်(omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Jan 12,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီက ကျိုက်ဒုံမြို့ အမှတ် (၄) ရပ်ကွက်၌ ဒေသနေပြည်သူများ အား၊ ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာ၊ မြန်မာဘာသာဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်(omicron)ရောဂါပိုးများကို သတိပြုကာ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
ရန်ကင်းမြို့နယ်တွင် အသက်(၄၀)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinnovac) ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 12,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် အသက်(၄၀)နှစ်နှင့် အထက်ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်း ဘုရားလမ်းရှိ မိုးကောင်းဆုတောင်းပြည့် စေတီတော်ဝန်းအတွင်းရှိ သာသနာဗိမာန် တော်ကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား ပဉ္စမအသုတ် ဒုတိယအကြိမ် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံ
Jan 12,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လယ်ဝေးမြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်အထက် ပြည်သူ (၁၇၁၆၀၅) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်
Jan 12,2022
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ ပြည်သူများအား ယမန်နေ့နံနက် (၉) နာရီက လယ်ဝေးမြို့ သီရိမင်္ဂလာခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ အသက်(၁၈)နှစ်အထက် ပြည်သူ (၁၇၁၆၀၅) ဦးအား ကာကွယ် ဆေးထိုးနှံပေးခဲ့ပြီးဖြစ်သည်။
ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jan 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အသက် ၁၈ နှစ်ပြည့်ပြီး သူများကို  မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ဇရပ်ဆိပ်ကျေးရွာ ဘဝ အလင်းရောင်စာကြည့်တိုက်တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လမ်းမတော်မြို့နယ်တွင် လူမျိုးဘာသာမရွေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိ
Jan 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ် တားဆီးနိုင်စေရန်အတွက် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများကလမ်းမ‌ တော်မြို့နယ် အ.လ.က(၁)ကျောင်းတွင် မြို့နယ်အတွင်းရှိ သံဃာတော်များ၊ သီလရှင်များ၊ ကျောင်းသား/သူများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ လူမျိုးဘာသာမရွေး ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်
ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုလုပ်ငန်းများ ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်
Jan 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့မွန်းလွဲပိုင်းက ကွီးကျယ်ကျေးရွာသို့ ကရင်/မြန်မာ နှစ်ဘာသာဖြင့် လှည့်လည် နှိုးဆော်ပေးလျက် ရှိ‌ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာမှ အိမ်ခြေ၃‌၀၀ကျော် နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်မီးများ သုံးစတင်သုံးစွဲနိုင်
Jan 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိလျှော်ကုန်းကျေးရွာ၊ ပုလဲကူးမြောက ်ကျေးရွာနှင့်အနောက်စုကြီး ကျေးရွာများ၌ အမျိုးသားလျှပ်စစ်မီးရရှိရေး စီမံချက်(ဒုတိယ) အစီအစဉ်ဖြင့်ဆောင်ရွက်သော ကျေးရွာလျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ ညနေပိုင်းက အဆိုပါကျေးရွာများ၌ ပြုလုပ်ခဲ့သည်။