သတင်းများ

ဖျာပုံမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Dec 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းဆိုင်ရာများအား မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲ များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပုလောမြို့နယ် ၌ စက်ရုံ / အလုပ်ရုံ အခြေပြု မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်
Dec 27,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်၌  စက်ရုံ/အလုပ်ရုံ အခြေပြု မီးဘေး လုံခြုံ  ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက် ခြင်း  ကို ယမန်နေ့နံနက် (၁၀)နာရီအချိန်ကအမှတ်(၁) ရပ်ကွက် စိုပြေဆန်စက်ရုံ အတွင်း၌ ပြုလုပ်ခဲ့သည်။
တွံတေးမြို့၌ မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးငွေပေးအပ်ပွဲကျင်းပ
Dec 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မအူပင်- တွံတေးလမ်းပေါ်ရှိ အသစ်တည်ဆောက်နေသော ဇီးဖြူကုန်းတံတားနှင့် တကလှဲ့တံတားများ တည်ဆောက်ရာတွင် မလွတ်ကင်း၍ ပါဝင်သွားသော မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌​ တောင်သူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Dec 27,2021
ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင် ၊ညောင်တုန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်‌ပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီအချိန်က ရန်ကင်းစံရာကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး
Dec 27,2021
၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်း၍ ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ကလေးမြို့တွင် ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် များဆောင်ရွက်ပေး
Dec 27,2021
စစ်ကိုင်းတိုင်းဒေကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများသည် ယမန်နေ့က ကလေးမြို့၊ မြို့သာရပ်ကွက် သာသနာ့ဂုဏ်ရည်ကျောင်း၊ ဓမ္မာရုံတွင် ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမတွင်  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြို စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Dec 27,2021
ကရင်ပြည်နယ် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန  ( Community Centre)ခန်းမတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ် အားကစား နှင့်ကာယ ပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ငါးသိုင်းချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)သို့ စာရေးကိရိယာများ လှူဒါန်း
Dec 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံး၌ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ ပြည်သူ့စာကြည့်တိုက်နှင့် စာဖတ်ခန်း၊ ဘက်စုံသုံးခန်းမ၊ သင်တန်းခန်းမ၊ ကလေးစာဖတ်ခန်း၊ ကစားကွင်းများ ဖွင့်လှစ်၍ အများပြည်သူ အရွယ်သုံးပါးမရွေး အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတရှာမှီးရာနေရာအဖြစ် ဝင်ထွက်သွားလာ အသုံးပြုနိုင် ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်ရှိ ရပ်ကွက်နေ ကျောင်းအကျိုးတော်ဆောင် အဖွဲ့က အဆိုပါ လူထုအခြေပြုဗဟိုဌာနရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ၏ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲ များတွင် ဆုချီးမြှင့်ခြင်းနှင့် လက်ဆောင်ပစ္စည်း ပေးအပ်အသုံးပြုနိုင်ရန် စာရေးကိရိယာ၊ ဗလာစာအုပ် (၁၂)ဒါဇင်၊ ဘောလ်ပင် (၂)ဒါဇင် တို့ကို လာရောက်လှူဒါန်းခဲ့ရာ ငါးသိုင်းချောင်းမြို့ ပြန်/ဆက်ဦးစီးမှူး ဒေါ်နှင်းယုဝေနှင့် (Club) အသင်းအဖွဲ့ဝင်များက လက်ခံရယူ ခဲ့ကြောင်း သိရသည်။