သင်္ဃန်းကျွန်း မြို့နယ်တွင် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူများအား (Sinovac) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဒုတိယ အကြိမ် ဆက်လက်ထိုးနှံပေး

င်္ဃန်းကျွန်း ဒီဇင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူများနှင့်အကြောင်းအမျိုးမျိုး ကြောင့် ဒုတိယအကြိမ်  ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူ(၅၅၁) ဦးအား ဆ/က ရပ်ကွက်၊ ကျိုက္ကဆံဘုရားဝင်း အတွင်းရှိ ဓမ္မဗိမာန်တော်၌ ယမန်နေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန်လာ ရောက် ကြသော ပြည်သူများအား ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်း ကော်မတီအဖွဲ့များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ Volunteer များက ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ သွေးပေါင်ချိန် အောက်ဆီဂျင်တိုင်းတာပေးခြင်း၊ သွေးအတွင်းတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အသက်(၄၀)နှစ်နှင့်အထက် ပြည်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူ များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ်အုပ်စုများအလိုက် နေ့စဉ်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

စန္ဒာမိုး