သတင်းများ

ကျောက်ဆည်မြို့နယ် ရွှေလေးကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေး
Jan 05,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်းမရှိသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက ရွှေလေး ကျေးရွာတွင် နိုင်ငံသား စိစစ်ရေးကတ်မရှိသူများအား နေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
သံတောင်ကြီးမြို့ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များဆောင်ရွက်
Jan 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် ကလေး သူငယ်များ၊ စာပေချစ်မြတ်နိုးသူများအနေဖြင့် စာပေဗဟုသုတရရှိစေရန်ရည်ရွယ်ပြီး Online  မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့်ပေးရာ ယနေ့ နံနက်ပိုင်းက မော်ကယ်(ဆလုံ) စာပေဖွံ့ဖြိုးရေး ကော်မတီမှ ရေးသားပြုစုထားသည့် ငါးပူတင်းရဲ့စွမ်းရည် ခေါင်းစဉ်ဖြင့် ပုံပြင်ပြောအစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့တွင် ပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်
Jan 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃) ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး ယနေ့နံနက် ၁၀နာရီ မိနစ် ၃၀က အင်္ဂပူမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာနေပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) အပါအဝင် ရောဂါပိုး ကာကွယ်ရေး အသိပညာပေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ မလှိုင်မြို့၌ ဖြန့်ဝေ
Jan 05,2022
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ထုတ်ဝေသော သတင်းစကား လက်ကမ်း စာစောင်များ ကို မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့ရှိ စာသင်ကျောင်းနှင့် ရုံးများ အပြင် ယမန်နေ့က လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားများ၌ လည်း ဖြန့်ဝေခဲ့ကြောင်းသိရသည်။
တပ်ကုန်းမြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ
Jan 05,2022
၂၀၂၂-ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဖြစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်း​မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံး ရှေ့နှင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲနှင့် အခြေခံပညာကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jan 05,2022
တနင်္သာရီတိုင်းဒေသကြီး  ကော့သောင်းခရိုင် ဘုတ်ပြင်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲနှင့် အခြေခံပညာ ကျောင်းပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲ အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်မှစတင်၍   မြို့မအားကစားကွင်းတွင် ပြုလုပ်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 05,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာများမှ အသက်(၁၈)နှစ်အထက်ပြည်သူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ (၉၈၉၇၈) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (ဒုတိယအကြိမ်) Phase-5 Second Dose ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ထူးကြီးမြို့ရှိ ခန်းမဆေးထိုးစုရပ်တွင် ထူးကြီးမြို့ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ ပြည်သူများအား Phase-5 (ဒုတိယ အကြိမ်) ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် (၉) နာရီအချိန်မှ စတင်ပြီး ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။