စဉ့်ကိုင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးလျက်ရှိ

စဉ့်ကိုင် ဇန်နဝါရီ ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာများမှ အသက်(၁၈)နှစ်အထက်ပြည်သူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ (၉၈၉၇၈) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဒုမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူ (ပြည်သူ့ကျန်းမာ)၊ ပလိပ်တိုက်နယ် ဆေးရုံတွင်ဒေါက်တာသက်ကိုကိုလွင်(ရောဂါနှိမ်နင်းရေး)၊ကျောက်ဆည်တက္ကသိုလ်တွင် ဦးစောအေး (ကျန်းမာရေးမှူး)တို့က ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မှ ဝန်ထမ်းများ၊ပညာရေးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ မြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေး မှူးများ ပူးပေါင်း၍ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် Omicron အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးကို သတိပြုကာကွယ်ရန် နှင့်ကူးစက် ပြန့်ပွားမှုမဖြစ်စေရေး၊ ကြိုတင်ကာကွယ် တားဆီးနိုင်စေရန်နှင့် ရောဂါ ကူးစက်မှု လျော့နည်း စေရေးအတွက် သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့ ဝင်များနှင့် ပူးပေါင်းပြီး ပြည်သူများသိရှိလိုက်နာစေရန်၊ အသံချဲ့စက်များ ၊ Hand Spaker များဖြင့် လှည့်လည်ပြီး အသိပညာပေး နှိုးဆော်ခြင်း၊ ရပ်ကွက် / ကျေးရွာများ အတွင်း ပိုးသတ်ဆေးများ ဖြန်းပေးခြင်း၊ ဒေသန္တာရ စည်းကမ်းချက်များ၊ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အတိုင်း လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ဇန်နဝါရီ(၄)ရက်နေ့ထိ First Dose (၅၂၉ဝ၆) ဦး နှင့် Second Dose (၄၆ဝ၇၂) ဦး တို့အား ထိုးနှံပေးပြီး ဖြစ်ရာ ကျန်ရှိသူများကိုလည်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ညိုညိုဝင်း