သတင်းများ

ချောင်းဦးမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ၊ ဆုပေးပွဲ ကျင်းပြုလုပ်
Jan 05,2022
ပြည်တောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ၂၀၂၂ ခုနှစ် ယမန်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာဖတ်ကြားခြင်း၊ ဆုများပေးအပ်ခြင်း အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အနော်ရထာခန်းမနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကင်းမြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာခြင်းလုံး အလှခတ်ပွဲ ကျင်းပ
Jan 05,2022
၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်ည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်မြန်မာ့ ရိုးရာခြင်းလုံး အလှခတ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီကအမှတ်(၁၂)ရပ်ကွက် အားကစားကွင်း ခြင်းခတ်ရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့ စစ်ဗျူဟာ(အခြေချ)နှင့် တပ်ရင်း၊ တပ်ဖွဲ့မိသားစုဝင်များ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ​ပြု လုပ်ကျင်းပ
Jan 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ရှိ စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ)နှင့် တပ်ရင်း၊တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအ တွက် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစံထူးကျော်က ကြီးမှူး၍ ယနေ့နံနက် (၈) နာရီအချိန်က ပြုလုပ်ကျင်းပပေးခဲ့ကြောင်း သိရှိရသည်။
ဆီဆိုင်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ
Jan 05,2022
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ မြို့နယ်ခန်းမဆောင်ရှေ့ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ယမန်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်က ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ ဂုဏ်ပြုတပ်ဖွဲ့ဝင်များနှင့်အတူ တက်ရောက်လာသူများက  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလံတိုင်ထိပ်သို့လွှင့်တင်ပြီး နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် တပ်ဖွဲ့ဝင်အပေါင်းအား အလေးပြုခဲ့ကြောင်း သိရ သည်။
ဇမ္ဗူသီရိမြို့နယ်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစား ပြိုင်ပွဲများအား စည်ကားသိုက်မြိုက်စွာကျင်းပ
Jan 05,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင် ဘောလုံးကွင်း၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစား ပြိုင်ပွဲများကို  ယမန်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပင်လုံမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် Talk Show ဆောင်ရွက်
Jan 05,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ၌ ၄-၁-၂၀၂၂ ရက်နေ့နံနက် ၁၁:၀၀ နာရီအချိန်က စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနတို့ ပူးပေါင်း၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် Talk Show ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဟိုပန်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ
Jan 05,2022
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယမန်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်က “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ လွတ်လပ်ရေး ကျောက်တိုင်တွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အလံကို လွှင့်တင်ခဲ့ပြီး “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုခဲ့ကြသည်။
လွိုင်လင်မြို့နယ်၌ ဒစ်ဂျစ်တယ်အချက်ပြမီးပွိုင့်များ စတင်အသုံးပြုနေပြီဖြစ်
Jan 05,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ်၊ လွိုင်လင်မြို့နှင့် ပင်လုံမြို့ရှိ အချက်ပြမီးပွိုင့်များကို ယမန်နေ့ နံနက် ၈ နာရီမှ စတင်ကာ အသုံးပြုဖွင့်လှစ်ထားပြီဖြစ်ကြောင်း သိရသည်။