အင်္ဂပူမြို့တွင် ပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်

အင်္ဂပူ  ဇန်နဝါရီ   ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃) ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး ယနေ့နံနက် ၁၀နာရီ မိနစ် ၃၀က အင်္ဂပူမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာနေပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) အပါအဝင် ရောဂါပိုး ကာကွယ်ရေး အသိပညာပေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်းသိရ သည်။

အင်္ဂပူမြို့နေပြည်သူများအားလုံး ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ မိမိနေအိမ်တွင်သာ နေထိုင်ကြရန်၊ အပြင်သို့သွားတိုင်း နှာခေါင်း စည်း (Mask) တပ်ဆင်သွားလာကြရန်၊ အရေးကြီးကိစ္စမရှိလျှင် တခြားသူများထံသို့ သွားရောက် လည်ပတ်ခြင်းမပြုကြရန်၊  အရာဝတ္တုများ ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့်  စက္ကန့်(၂၀) ကြာဆေးကြောရန်၊ တတ်နိုင်သမျှ အိမ်မှာ နေထိုင်ကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ မိမိကိုယ်မိမိ သံသယလက္ခဏာခံစားရလျှင် နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင်စေရေးအတွက် ကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက် ခံယူကြရန် မိမိတို့၌ ရောဂါပိုးရှိသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ပြတ် တောက်နိုင်ရန် မိဘပြည်သူများကလည်း ပူးပေါင်းပါဝင်ပေးကြပါရန် စသည့် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)