သံတောင်ကြီး ဇန်နဝါရီ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် ကလေး သူငယ်များ၊ စာပေချစ်မြတ်နိုးသူများအနေဖြင့် စာပေဗဟုသုတရရှိစေရန်ရည်ရွယ်ပြီး Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့်ပေးရာ ယနေ့ နံနက်ပိုင်းက မော်ကယ်(ဆလုံ) စာပေဖွံ့ဖြိုးရေး ကော်မတီမှ ရေးသားပြုစုထားသည့် ငါးပူတင်းရဲ့စွမ်းရည် ခေါင်းစဉ်ဖြင့် ပုံပြင်ပြောအစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း မြို့နယ်ရုံးစာကြည့်တိုက်သို့ မလာရောက် နိုင်သည့် စာဖတ်ပရိသတ်များ၊ ကျောင်းသူကျောင်းသားများ၊ ကလေးသူငယ်များ အတွက် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက Online မှ တစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ စက္ကူခေါက် စသည့်အစီအစဉ်များ ကို သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Page တွင် စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိ ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)