တပ်ကုန်းမြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

တပ်ကုန်း ဇန်နဝါရီ ၅

၂၀၂၂-ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဖြစ်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်း​မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံး ရှေ့နှင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်က (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အဖြစ် အားကစားပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်များ ပြောကြားပြီးနောက် အားကစားပြိုင်ပွဲများတွင် ​ပြည်သူ့စာကြည့်တိုက်သို့ လာရောက်သည့် စာဖတ်၊ စာငှား ပရိတ်သတ်နှင့် ကျောင်းသားလူငယ်များပါဝင်၍ ပူစီပေါင်ညှပ်၊ ဘိုးလင်းပစ်၊ ပိုက်တံဂိမ်း၊ ဂေါ်လီလုံးဇွန်ကိုက်၊ ဂေါ်လီလုံး လက်ဆင်ကမ်းနောက်ပြန်သယ်၊ ခွက်နင်း၊ ဆန်ကောရွက်၊ သုံးယောက်တွဲဖိနပ်စီးနှင့် အိတ်စွပ်ပြေး ပြိုင်ပွဲတို့ကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက  ဆုလက်​ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်