သတင်းများ

ကျွန်းလှ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင် အားကစား ပြိုင်ပွဲများ ဆုချီးမြှင့်ပွဲကျင်းပ
Jan 05,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားခြင်းနှင့် အားကစား ပြိုင်ပွဲများ ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၇ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ဂွမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင် အခမ်းအနား ကျင်းပ
Jan 05,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် စည်ပင်သာယာပန်းခြံဝန်းအတွင်းရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် ယမန်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင်အခမ်းနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တကောင်းမြို့၊ အခြေခံပညာအထက်ကျောင်း၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ
Jan 05,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၄) နှစ်‌မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် (၉)နာရီက ခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေဦး၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနား၊ သ၀ဏ်လွှာ ဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 05,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနား၊ သ၀ဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၄ နာရီမိနစ် ၂၀ က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အလံတိုင်ရှေ့တွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာ အကြီးအကဲနှင့် ၀န်ထမ်းများ၊ စစ်မှုထမ်းဟောင်းများ၊ လူမှုရေး အသင်းအဖွဲ့၀င်များ တက်ရောက်ခဲ့ကြသည်။
တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမတွင်စာဖတ်ဝိုင်းပြုလုပ်
Jan 05,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်ခရိုင်၊ တကောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီး ဌာနဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင် များက တက္ကသိုလ်စိန်မြင့်ထွန်း ရေးသားသည့် ကျောင်းသားလူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး သင်ခန်းစာ လက်စွဲစာအုပ်ဖြင့် စာဖတ် ဝိုင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် (Community Center) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Jan 05,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ပုဗ္ဗသီရိမြို့နယ်၊ ကုတင် (၅၀)ဆံ့ ဆေးရုံ၌ ထိုးနှံပေးခဲ့သည်။
ဥတ္တရခရိုင်အတွင်း၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 05,2022
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာအချက်များကို ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ယနေ့နံနက်ပိုင်းက ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​​ရေးဌာနမှ ဝန်ထမ်းများကအသိပေးနှိုးဆော်​ခြင်းများ ဆောင်ရွက် ခဲ့​သည်။
ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ
Jan 05,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။