ကျောက်ဆည်မြို့နယ် ရွှေလေးကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေး

ကျောက်ဆည်  ဇန်နဝါရီ  ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်းမရှိသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက ရွှေလေး ကျေးရွာတွင် နိုင်ငံသား စိစစ်ရေးကတ်မရှိသူများအား နေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူး ရုံးမှ ဦးစီးအရာရှိ ဦးအောင်ထားရွှေနှင့်ဝန်ထမ်းမျာက ရွှေလေးကျေးရွာမှ အသက်(၁၀)နှစ်မှ (၁၆)နှစ်အတွင်းရှိ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ အသက်(၁၆)နှစ်မှ(၁၈)အတွင်းရှိ အမျိုးသား(၄)ဦး၊ အမျိုးသမီး(၄)ဦး၊ အသက်(၁၈)နှစ်အထက် အမျိုးသား(၁၃)ဦး၊အမျိုးသမီး(၇)ဦး စုစုပေါင်း(၃၀)ဦးအား နို်ငငံသားစိစစ်ရေးကတ် များ နေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက်၊ကျေးရွာအုပ်စု(၉၇)အုပ်စု၊ ကျေးရွာပေါင်း(၂၁၇)ရွာရှိပြီး ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများနှင့် အိမ်ထောင်စုစာရင်းမရှိသူများအား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်  ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ အသက်(၁၈)အောက်(၆၀၅)ဦးနှင့် အသက်(၁၈)အထက် (၃၄၉၁)ဦး စုစုပေါင်း (၄၀၉၆)ဦး ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)