ဘုတ်ပြင်း ဇန်နဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲနှင့် အခြေခံပညာ ကျောင်းပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲ အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်မှစတင်၍ မြို့မအားကစားကွင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မီနီမာရသွန်အမျိုးသား အကြီးတန်းပြိုင်ပွဲ၊ မီနီမာရသွန်အမျိုးသမီး အငယ်တန်း၊ မီတာ(၁၀၀)ပြေးပြိုင်ပွဲ၊ မီတာ(၁၀၀) လက် ဆင့်ကမ်းပြေးပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ အမြင့်ခုန်ပြိုင်ပွဲ၊ သုံးဆင့်ခုန်ပြိုင်ပွဲ၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ် စသည့် အားကစားနည်းများကို အား ကစားဝါသနာရှင်များ၊ ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ဆက်လက်၍ ညနေ ၄ နာရီအချိန်တွင် ပြိုင်ပွဲအသီးသီးအလိုက် ပထမ၊ ဒုတိယ၊ တတိယ ရရှိသည့်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဌာနဆိုင်ရာများက ဆုများ အသီးသီးပေးအပ်ကြပြီး တံခွန်စိုက်ဆုဖလားရရှိသည့် အထက-ကျောင်း အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)