သတင်းများ

ရေတာရှည်မြို့နယ်တွင် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်​ရေးသင်တန်း ဖွင့်လှစ်
Jan 06,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်​ရေး သင်တန်းဖွင့်ပွဲကို ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းက ရေတာရှည်မြို့ တောင်သူ လယ်သမားသင်တန်း​ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟုမ္မလင်း၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင် အိမ်တိုင်ရာ အရောက် ထောက်ပံ့ပေးအပ်
Jan 06,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လူမူရေးပင်စင်ကို ယနေ့နံနက် ၁၁ နာရီအချိန် က ဟုမ္မလင်းမြို့ပေါ်ရပ်ကွက်ရှိ ဘိုးဘွား(၃၄)ဦးအား အိမ်တိုင်ရာအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စစ်တွေခရိုင် လူထုအခြေပြုဗဟိုဌာန၌ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ
Jan 06,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀:၀၀)နာရီအချိန် က မသန်စွမ်းသူများအခွင့်အရး ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်
Jan 06,2022
ပြည်ထောင်စုနယ်မြေနေပြည်တော်  ဇေယျာသီရိမြို့နယ်အတွင်း  ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့ နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ကျောက်ဖြူ၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုအခြေအနေကြောင့် ယာယီပိတ်ထားခဲ့သည့် အစိုးရ စက်မှုလက်မှု သိပ္ပံ(ကျောက်ဖြူ) AGTI ကျောင်း ပြန်လည်ဖွင့်လှစ်သင်ကြား
Jan 06,2022
မြန်မာနိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုအခြေများကြောင့် ယာယီပိတ်ထား ခဲ့သည့် အစိုးရစက်မှုလက်မှု သိပ္ပံ(ကျောက်ဖြူ) AGTI ကျောင်းအား ယနေ့ နံနက်ပိုင်းမှ စတင်ကာ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် သင်ကြားလျက် ရှိသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို အနှစ်သာရ ရှိရှိဖြင့် ထူးခြားခမ်းနားပြီး စည်ကား သိုက်မြိုက်အောင်မြင်စွာ ကျင်းပသွားမည်
Jan 06,2022
၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်သော (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို နိုင်ငံရေးအနှစ်သာ ရရှိရှိဖြင့် ထူးခြားခမ်းနားပြီး စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည့် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေး စီမံခန့်ခွဲမှု ဦးစီးကော်မတီနှင့် အထောက်အကူပြု လုပ်ငန်းကော်မတီတို့၏ (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
သံဖြူဇရပ်မြို့၌ ငါးသယံဇာတတိုးပွားစေရေး ကြာကန်သဘာဝရေပြင် ရေကန်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေး
Jan 06,2022
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနသည် မြို့နယ်အတွင်း ငါးသယံဇာတ တိုးပွားရေး၊ ငါးရိက္ခာဖူလုံရေး၊ ပြည်သူများငါးစားသုံးမှု မြင့်တတ်လာစေရေး၊ ငါးလုပ်ငန်းကို အခြေခံ၍ ကျေးလက်နေ ပြည်သူတို့၏ လူမှုစီးပွားဘဝ အလုပ်အကိုင်အခွင့်လမ်းများ မြင့်မားလာစေရန် ရည်ရွယ်ချက်များဖြင့် ငါးမျိုးများစိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၉ နာရီက သံဖြူဇရပ်မြို့နယ်၊ ကြာကန်ရပ်ကွက်ရှိ ကြာကန် သဘာဝရေပြင် ရေကန်အတွင်းသို့ ငါးသားပေါက်များ စိုက်ထည့်ပေးကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jan 06,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများထိရောက်အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၆ ရက် နံနက်၁၀နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး မုန်းသီတာခန်းမ၌ ကျင်းပသည်။