အင်္ဂပူ ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ထူးကြီးမြို့ရှိ ခန်းမဆေးထိုးစုရပ်တွင် ထူးကြီးမြို့ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ ပြည်သူများအား Phase-5 (ဒုတိယ အကြိမ်) ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် (၉) နာရီအချိန်မှ စတင်ပြီး ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေးမထိုးရသေးသည့်သူများအား Phase-5 (ဒုတိယအကြိမ်) အဖြစ် ရဟန်းသံဃာ များ၊သီလရှင်များနှင့် ပြည်သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းများမှ ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးပါက ဓာတ်မတည့်ခြင်း ဘေးထွက် ဆိုးကျိုးလက္ခဏာများဖြစ်ပေါ်လျှင် ချက်ခြင်းကုသပေး နိုင်ရေးအတွက် ကြည့်ရှုဆောင့်ကြပ်ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့ဌာနဆိုင်ရာ စီစစ်ကြီးကြပ်ရေးအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျန်းမာရေးဝန်ထမ်းများမှပူးပေါင်း ပြီးပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး များထိုးနှံပေးလျက်ရှိကြောင်း မြို့အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)