သတင်းများ

ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Jan 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ် စာစောင်များငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ (၂) နာရီက ဝါးခယ်မမြို့နယ် သမဝါယမဦးစီးဌာနရုံး၌ သွား‌ရောက်ဆောင်ရွက်ပေးခဲ့သည်။
ခမောက်ကြီး မြို့တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကာယ၊ဉာဏစွမ်းရည် ဆုချီးမြှင့်ခြင်းနှင့်ပျော်ပွဲရွှင်ပွဲအခမ်းအနားများ ပြုလုပ်
Jan 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ၊ ခမောက်ကြီးတွင် (၇၄)နှစ်မြောက်လွတ်လပ် ရေးနေ့အထိမ်းအမှတ်ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများအတွက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ဇန်နဝါရီလ (၄)ရက်နေ့က အ.ထ.က ခမောက်ကြီးကျောင်း၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
တနင်္သာရီမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ (ပထမ)နှစ်ဝက် စာမေးပွဲ ဖြေဆိုစစ်ဆေး
Jan 05,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ အဆင့်လိုက် တတ်မြောက်မှုများအား မူလတန်းအောက်အဆင့် Grade-1 (သင်ရိုးသစ်)မှ Grade-11 (သင်ရိုးဟောင်း)အထိ (ပထမ)နှစ်ဝက်ကို ဇန်နဝါရီလ (၅ရက်မှ ၇ရက်)နေ့အထိ တစ်နေ့လျှင် (၂)ဘာသာနှုန်းဖြင့် စာသင်ချိန်တစ်ချိန် (၄၅) မိနစ်စီဖြင့် သက်ဆိုင်ရာကျောင်းများ အလိုက် ဖြေဆိုစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှအသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ
Jan 05,2022
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက် ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 05,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​​ရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ အသိပေးနှိုးဆော်​ခဲ့​သည်။
ကြာအင်းဆိပ်ကြီးမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပ
Jan 05,2022
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွင်ပွဲများကို ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ယမန်နေ့နံနက် ၈ နာရီခွဲအချိန်မှ စတင်ကာ အားကစားဝါတနာရှင်လူငယ် လူရွယ် မောင်မယ်များမှ ပျော်ရွှင်အေးချမ်း သာယာစွာဖြင့် ပါဝင်ယှဉ်ပြိုင် ကစားလျက်ရှိကြောင်း သိရသည်။
ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးသည် ဖားကန့်မြို့နယ် တိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီများ‌၊ ဌာဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီ အသင်းခွဲးတို့နှင့်‌ တွေ့ဆုံကာ ထောက်ပံ့ငွေများနှင့် ပါးစပ်နှာခေါင်းစည်းများထောက်ပံ့
Jan 05,2022
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်ရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ယမန်နေ့ မွန်းလွဲ(၂)နာရီ ၃၀ မိနစ်တွင် ဖားကန့်မြို့နယ် စုပေါင်းရုံး အစည်းအ‌ဝေးခန်းမ၌ တိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ၊ မြို့နယ်ကြက်‌ခြေနီအသင်းခွဲတို့နှင့် တွေ့ဆုံကာ အမှာစကားပြောကြားသည်။
တပ်ကုန်းမြို့နယ်တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်း
Jan 05,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ဘုရင့်နောင်ရပ်ကွက် အောက်စီဂျင်ကူညီရေးအဖွဲ့၊ မေတ္တာရှင် သွေးလှူအဖွဲ့နှင့် ဒို့တပ်ကုန်း သဘာဝဘေးကူညီရေးအဖွဲ့တို့ ပူးပေါင်း၍ စုပေါင်းသွေးလှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တပ်ကုန်းမြို့ ခုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် ကျင်းပခဲ့သည်။