တွန်းဇံမြို့နယ် ပြန်လည်ထူထောင်ရေးနှင့်ပြည်လည်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များက ဌာနဆိုင်ရာရုံးအဆောက်အဦ ပျက်စီးမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တွန်းဇံ ဇူလိုင် ၁၄

ချင်းပြည်နယ် တွန်းဇံမြို့၌ မြို့နယ်ပြန်လည်ထူထောင်ရေးနှင့်ပြည်လည်တည်ဆောက်ရေး ကော်မတီအဖွဲ့ဝင်များသည် ဇူလိုင် ၁၃ ရက် နံနက် ၁၁ နာရီအချိန်က ဒေသခံပြည်သူများ သွားလာမှုအဆင်ပြေစေရန် တီးတိန်−တွန်းဇံလမ်း တွန်းဇံမြို့အဝင် မိုင်တိုင်၄၂/၄၃ ကြား လမ်းဘေးဝဲယာချုံပုတ်များ ပေါင်းမြက်များ ရှင်းလင်းဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲရုံး၊ ဖဖရရုံး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနေအိမ်၊ မြို့နယ်ရဲမှူးရုံး၊ မြို့မရဲစခန်းနှင့် မြို့နယ်ရဲ လိုင်းခန်းများ ဖြိုချဖယ်ရှား ရှင်းလင်းရေးကိစ္စရပ်များ ဆောင်ရွက်မည့်အခြေအနေများအား အင်ဂျင်နီယာများနှင့်အတူ ကွင်းဆင်းကြည့်ရှုခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံတွင် ရေ/မီး ဖြန့်ဝေထားရှိမှုအားကြည့်ရှုကာ ဆေးရုံတက်သည့် အတွင်းလူနာများနှင့် ပြင်ပလူနာများအား အားပေးစကားပြောကြားခဲ့သည်။

ယင်းသို့မြို့နယ် ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ ကွင်းဆင်းရာ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် အင်ဂျင်နီယာများ၊ မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ)၊ မြို့နယ် ဖဖရရုံး တာဝန်ခံတို့ လိုက်ပါခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)