ဟုမ္မလင်း ဇူလိုင် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၌မြို့နယ်အတွင်း ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားလာနိုင်သဖြင့်မြေနှိမ့်ပိုင်းများနှင့် ရေဝင်ရောက်နိုင်သည့်နေရာများ တွင်နေထိုင်ကြသည့် ပြည်သူများကြိုတင် သတိပြုနေထိုင်စေရေးအသိပေးနိုးဆော်မှုကိုယနေ့ နံနက် (၈)နာရီခွဲအချိန်က ဟုမ္မလင်းမြို့အနီး တဝိုက်ချင်းတွင်းမြစ်ကမ်ဘေး တစ်လျှောက် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ရဲမှူးသန်းဌေးတို့က၊ ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အဖွဲ့ဝင်ဌာနဆိုင်ရာအကြီး အကဲများ၊မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများပူး ပေါင်းကာ ဟုမ္မလင်းမြို့၏ ချင်းတွင်းမြစ် အထက်ပိုင်းနှင့် အောက်ပိုင်းရှိရပ်ကွက်/ ကျေးရွာများ၊ မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနေထိုင် စေရေးလိုက်လံနှိုးဆော်ခြင်းပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါကြိုတင်သတိပြုနေထိုင်စေရေး အသိပေးနိုးဆော်မှု အားဟုမ္မလင်းမြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့ဆိပ်ကမ်း မှအမြန်ရေယာဥ်ဖြင့်ထွက်ခွာ၍ချင်းတွင်းမြစ် အထက်ပိုင်းနှင့် အောက်ပိုင်းရှိရပ်ကွက်/ ကျေးရွာများသို့ လိုက်လံနိုးဆော်ခဲ့ကြကြောင်းသိရသည်။
ထိုနောက် ရေကြီးရေလျှံမှုဖြစ်ပွားလာပါက ပြည်သူများဘေးကင်းလှံခြုံစွာ နေထိုင်နိုင်ရေးနေရာများ၊ တိရစ္ဆာန်များဘေးကင်းစွာထား ရှိနိုင်ရေးနေရာများအတွက်ကြိုတင်ပြင်ဆင်ထားရှိမှု နေရာများကိုခရိုင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ရဲမှူးသန်းဌေး၊ ခရိုင်/မြို့နယ် အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုစစ် ဆေးခဲ့ကြောင်းသိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)