လက်ပံတန်းမြို့နယ်တွင် ပညာရေးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
Oct 14,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club၊ ပညာရေးဌာနတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် စာရေးဆရာ ဖေမြင့် ရေးသားသည့် “ပြောတတ်၊ ဆိုတတ်၊ ပေါင်းသင်းတတ်သောသူ” စာအုပ်အား အောက်တိုဘာ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။