စစ်ကိုင်း ဇူလိုင် ၁၄
စစ်ကိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ မိသားစုဝင်ငွေတိုးတက်စေရန် ရည်ရွယ်၍ ယိုးဒယားကြိုးများဖြင့် လူသုံးကုန်ခြင်းယက်လုပ်နည်းသင်တန်းဖွင့်ကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါရုံး၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက သင်တန်းဖွင့် အမှာစကားပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ချိုက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြော ကာ သင်တန်းနည်းပြ ဒေါ်မြင့်မြင်းသိန်းက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက သင်တန်းသား၊ သင်တန်းသူများထံ သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့သည်။ အဆိုပါ သင်တန်းကို (၁၀)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး တက်ရောက်ကြကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)