မိုင်းခုတ်မြို့ ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် စာအုပ်မိတ်ဆက်တင်ဆက်ပေး
Jan 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် အများပြည်သူများနှင့်် စာပေဝါသနာရှင်များ အသိပညာဗဟုသုတ များတိုးပွားရရှိစေရန်၊ စာဖတ်ချင် စိတ်များ ဖြစ်လာစေရန် ရည်ရွယ်ကာ ယနေ့တွင် မိုင်းခုတ်မြို့ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် စာရေးဆရာမ ခင်စောတင့်၏ ''ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင်'' စာအုပ်အား မိတ်ဆက်ရိုက်ကူးကာ လွှင့်တင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။