သတင်းများ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား ငှားရမ်းပေးလျက်ရှိ
Jan 19,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား စာပေဗဟုသုတများတိုးပွားလာစေရေး ကိုယ်တိုင်တွေးခေါ် စဉ်းစားဆုံးဖြတ်တတ်သော အတွေးအမြင်များနှင့် ဝေဖန်ခွဲခြားဆုံးဖြတ်တတ်လာစေရေး စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာတတ်သော အလေ့ အကျင့်ကောင်းများ ရရှိလာစေရေးအတွက်ရည်ရွယ်ပြီး ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းသွားရောက်ကာ မိုဘိုင်းစနစ်ဖြင့် အိမ်တိုင်ရာရောက် သုတရသ စာအုပ်စာစောင်များအား စနစ်တကျ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာ သိသိသာသာလျော့နည်းလျက်ရှိ
Jan 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ယမန်နေ့က ကိုဗစ်−၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ မတွေ့ရှိရကြောင်းနှင့်ရောဂါပိုးတွေ့မှုနှုန်း သိသိသာသာလျော့နည်း လာလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
မြိုင်မြို့ယာယီပျံကျဈေးအနီးတွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိ
Jan 19,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ အရှိန်အဟုတ်မြှင့် ဆောင်ရွက်လျက်ရှိရာ အသံချဲ့စက်ဖြင့် အသိပညာပေးခြင်းကို မြို့နယ်ယာယီဈေးအနီးတွင် နေ့စဉ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းအား ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်
Jan 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရပ်ကွက်များနှင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအသိပညာပေး ဟောပြောပြီး လက်ကမ်း စာစောင်များဖြန့်ဝေ
Jan 19,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ၊ငဖဲမြို့မစခန်းမှ စခန်းမှူးဒုရဲမှူးဇော်ဝင်း ဦးစီးသော ဌာနဆိုင်ရာများနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များပါဝင်သည့် အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက တောင်ပေါ်ဒေသများဖြစ်သည့် ရှောက်ရင်းကျေးရွာ၊ ရေဖြူကျေးရွာနှင့် သစ်ဆိမ့်ပင် ကျေးရွာများမှ ဒေသခံ တောင်သူ များအား မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လက်တွေ့မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပညာရပ်များအား လေ့ကျင့်သင်ကြားပေးလျက်ရှိ
Jan 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးမွမ်းမံ သင်တန်း( ၁/၂၀၂၂)တွင်ယခင်ကထက် မီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များ ပိုမိုကျွမ်းကျင်စွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နေလည် ၂နာရီအချိန်က တွံတေး မြို့နယ် မီးသတ်တပ်ဖွဲ့စခန်းတွင် လက်တွေ့မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပညာရပ် များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ဂေါ်ဖီထုပ်များ ယခင်နှစ်ထက် ဈေးကောင်းသဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူများ အပိုဝင်ငွေရရှိ
Jan 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် တာပုတ်ကျေးရွာရှိ စိုက်ပျိုးရေး တောင်သူများ သည် သီးနှံမျိုးစုံကို ရာသီအလိုက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချ လျက်ရှိရာ ဆောင်းရာသီထွက် ဂေါ်ဖီထုပ် များ ယခင်နှစ်များထက် ဈေးကောင်းသဖြင့် စိုက်ပျိုးရေး တောင်သူများ အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
ရပ်စောက်မြို့၌ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်
Jan 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများမှ ဈေးတန်းရပ်ကွက်အတွင်းရှိ ဘိုးဘွားများအား အိမ်တိုင်ရာအရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။