သတင်းများ

တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန် ကျန်ရှိနေသည့် အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေးထိုး အုပ်စုများကို အမှတ်(၁) ရပ်ကွက်ရှိ လှဧကရီခန်းမနှင့် အမှတ် (၆) ရပ်ကွက်တို့တွင် ယနေ့ နံနက် ၉ နာရီမှ စတင်ကာ ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေးနေသည်။
သထုံမြို့နယ်တွင် ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးမွေးမြူရေး သင်တန်း ဖွင့်ပွဲကျင်းပ
Jan 18,2022
မွန်ပြည်နယ်၊ သထုံမြို့ရှိ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးမွေးမြူရေး သင်တန်း(၂/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။
ပဲခူးမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်
Jan 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးရေးအတွက် ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများသည် ယနေ့နံနက်(၀၉:၃၀)နာရီအချိန်က ပဲခူးမြို့ပေါ်ရှိ ရပ်ကွက် များသို့ လှည့်လည်အသိပညာပေး နှိုးဆော်ကြေညာခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူ (၁၁၀၂၅)ဦးရှိပြီးဖြစ်
Jan 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မဘိမ်းမြို့နယ်တွင် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Covidshield)များ ဆက်လက်ထိုးနှံပေး
Jan 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ပြည်သူများအား ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Covidshield)များ ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လဝါ ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Jan 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြည်သူများအား ယ​နေ့နံနက် ၉ နာရီအချိန်မှစတင်၍ ဒိုက်ဦးမြို့နယ် ပြည်သူ့အားကစားကွင်း မိုးလုံလေလုံ ခန်းမကြီးအတွင်းနှင့် ဖောင်တော်သီ တိုက်နယ်ဆေးရုံတို့၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်​ဆေး ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိနေသောသူများနှင့် ကာကွယ်ဆေး လုံးဝမထိုးရသေးသူများအား ပထမအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။
ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ
Jan 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က စာရေးဆရာ ဖေမြင့် ရေးသားထားသည့် စဉ်းစားခြင်း ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။