ကျိုက်မရောမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြိုပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

ကျိုက်မရော ဇန်နဝါရီ ၁၉

ကျိုက်မရောမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလေးများ ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်စေရန်၊ ကိုယ်ပိုင်တီထွင်တတ်သည့် အတွေးအခေါ်များ ရရှိစေရန်၊ အချင်းချင်းကောင်းသော ယှဉ်ပြိုင်မှုများတွင် ပါဝင်ယှဉ်ပြိုင်တတ်စေရန်နှင့် စာကြည့်တိုက်ကို အသုံးပြုတတ်သည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်ချက်ဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန၊ (CommunityCentre)ခန်းမ၌ ပြုလုပ်ခဲ့သည်။

ပြိုင်ပွဲတွင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြီး အခြေခံပညာ မူလတန်းလွန်ကျောင်း ကလိုင်းကနိုင်မှ ကျောင်းသားလေးများက ပြည်ထောင်စု စိတ်ဓာတ်ခေါင်းစဉ်ဖြင့် ပန်းချီရေးဆွဲ ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ ပန်းချီပြိုင်ပွဲဝင် ကျောင်းသားလေးများအား အကောင်းဆုံးပန်းချီဆုနှင့် အထူးဆုများကို မြို့နယ် ဦးစီးမှူးက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)