မကွေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဖလား(၆)မြို့နယ် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် တောင်တွင်း ကြီးမြို့နယ် အသင်းအားထပ်ဆင့်ဂုဏ်ပြု

တောင်တွင်းကြီး   ဇန်နဝါရီ   ၁၉

မကွေးတိုင်းဒေသကြီး  မကွေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား (၆)မြို့နယ် အမျိုးသား / အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် တောင်တွင်းကြီးမြို့နယ် အမျိုးသား/ အမျိုးသမီး ဘော်လီဘောအသင်းတို့အား ထပ်ဆင့်ဂုဏ်ပြုပွဲကို ယနေ့ မွန်းလွဲ (၁ )နာရီက တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သက်ခိုင်ထွန်း၊ အဖွဲ့ဝင်(၂) ဦးလှသောင်းတို့က ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး ပထမဆုရ အမျိုးသား ဘော်လီဘောအသင်းနှင့် ပထမဆုရအမျိုးသမီးဘော်လီဘော အသင်း တို့အား  ထပ်ဆင့်ဂုဏ်ပြုချီး မြှင့်ငွေ(၂)သိန်းစီနှင့် ဂုဏ်ပြုတံခွန်စိုက် ဒိုင်းဆုဖလားအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ  ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ် ( ပြန် / ဆက် )