သတင်းများ

ဘိန်းအစားထိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရန် ဒေသကြက်များ ဖြန့်ဖြူးပေး
Jan 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနသည် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဘိန်းအစားထိုးမွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဒေသကြက်များ ဖြန့်ဖြူးပေးအပ်ခြင်းကို ဇန်နဝါရီလ ၁၉ ရက်က ဟောင်ကြန့်အုပ်စု လွယ်ဝမ်ကောင်း ကျေးရွာ၌ ဆောင်ရွက်သည်။
ဆားလင်းကြီးမြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိ
Jan 19,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် အသက်(၁၈)နှစ် အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ပြည်သူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ OSSခန်းမတွင် မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှု သိသိသာသာလျော့နည်းလာ
Jan 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်ကျေးရွာအုပ်စုများ တွင် Pilot Project အစီအစဉ်ဖြင့် ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့က ဆက်လက်ဆောင်ရွက်လျက်ရှိရာ ရောဂါပိုးတွေ့ရှိမှု သိသိသာသာ ကျဆင်းလာ ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီထံမှ သိရသည်။
ဝါးခယ်မမြို့လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌စားသုံးသူအခွင့်အ‌ရေးဆိုင်ရာအသိပညာပေး Talk Show ဆောင်ရွက်
Jan 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမ၌စားသုံးသူအခွင့်အရေးဆိုင်ရာအသိပညာပေး (Talk  Show)  ကိုယနေ့ညနေ(၃)နာရီကကျင်းပပြုလုပ်ခဲ့သည်။
မြို့သစ်မြို့၌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
Jan 19,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊မြို့သစ်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟို ဌာန(Community Center) ခန်းမတွင် ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ် ခဲ့သည်။
မူးယစ်ဆေးဝါးပပျောက်ရေး စီမံကိန်းဒေသများအတွက် ဒေသကြက်များ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကျင်းပ
Jan 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်၌ ယမန်နေ့ နံနက်(၁၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ကြီးမှူး၍ မူးယစ်ဆေးဝါး ပ​ပျောက်ရေး စီမံကိန်းဒေသများအတွက် ဒေသကြက်များ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် ဒေသထွက် ငရုတ်သီးများ ဆွတ်ခူးချိန် ဈေးကောင်းရရှိ
Jan 19,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် တောင်ယာများ၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုး ထားသည့် ဒေသထွက် ငရုတ်သီးများ ဆွတ်ခူးချိန် ဈေးကောင်းရရှိသဖြင့် ငရုတ်စိုက်တောင်သူများ အဆင်ပြေကြောင်း သိရသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Jan 19,2022
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအ ဝေးကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။