မယ်စဲ့မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်နှစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

မယ်စဲ့  ဇန်နဝါရီ   ၁၉

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းအစီအစဉ် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများဖြစ်သည့် ဒေါ်ချိုမာ၊ ဒေါ်မေးဘာ၊ ဒေါ်သန်းရွှေနှင့် ဦးဗျားရယ်တို့က မြောက်ပိုင်းရပ်ကွက်၊ တောင်ပိုင်း ရပ်ကွက်၊ နမ့်မန်းကျေးရွာ၊ ဝမ်ကန်ကျေးရွာ၊ ဟိုစဲ့(ရှမ်း)၊ ဟိုစဲ့(ကရင်) ကျေးရွာတို့မှ ကိုယ်ဝန်ဆောင်မိခင် ၆ ဦးနှင့် အသက်နှစ်နှစ်အောက်ကလေးငယ် ၃၈ ဦးတို့အား အဆုတ်တီဘီ၊ ငါးမျိုးစပ်(BCG)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ မေးခိုင်၊ ဝက်သက်ရောဂါ ကာကွယ်ဆေးများကို ထိုးနှံ၊ တိုက်ကျွေးပေးခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်နှစ်နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ စဉ်ဆက်မပြတ်စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)