ဂွမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများအား Mobile စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိ

ဂွ ဇန်နဝါရီ ၁၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများအား စာပေဗဟုသုတများ တိုးပွားလာစေရေးအတွက် အသိပညာပေးလုပ်ငန်းများ အဖြစ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနနှင့် အမှတ်(၈၅)သစ်စက်သို့ Mobile စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ရုံးစာကြည့်တိုက်သို့ လာရောက်မဖတ်ရှုနိုင်သူများ အဆင်ပြေစွာဖြင့် စာအုပ်များ ငှားရမ်းဖတ်ရှုနိုင်ပြီး၊ ဗဟုသုတရရှိမည့် စာအုပ်စာစောင်များ ဖတ်ရှုနိုင်စေရန်နှင့် အသိပညာများ တိုးပွားစေရန် ရည်ရွယ်၍ ဗဟုသုတစုံလင်စွာရရှိစေမည့် သုတ/ရသစာအုပ်များကို ငှားရမ်းပေးခဲ့ကြောင်းနှင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်