နောင်ချို ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်ကျေးရွာအုပ်စုများ တွင် Pilot Project အစီအစဉ်ဖြင့် ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့က ဆက်လက်ဆောင်ရွက်လျက်ရှိရာ ရောဂါပိုးတွေ့ရှိမှု သိသိသာသာ ကျဆင်းလာ ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီထံမှ သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ ဌာနဆိုင်များ၊ ပရဟိအဖွဲ့များ ပါဝင်သောအဖွဲ့များက နောင်ချိုမြို့နယ် နောင်တောကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိရသူများနှင့်ထိတွေ့ဆက်စပ်ခဲ့သူများ၊ ဖျားနာသူများ စုစုပေါင်း လူဦးရေ (၄၉၂) ဦးကို RDT Test kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသူ (၅) ဦးသာတွေ့ရှိရကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
နောင်ချိုမြို့နယ် အနေဖြင့် ကိုဗစ်-၁၉ရောဂါ အမြန်ဆုံးကွင်းဆက်ပြတ်တောက်နိုင်ရန်ရည်ရွယ်၍ ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယနေ့အထိ အတည်ပြုလူနာ(၄၅၂၆)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၄၄၅၂)ဦး၊ သေဆုံးသူ(၆၄)ဦး၊ ကုသဆဲလူနာ(၁၀) ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီထံမှ သိရသည်။
ထွေးငယ်၊ (ပြန်/ဆက်)