သတင်းများ

မေတ္တာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ရှေ့လုပ်ငန်းစဉ်ဆွေးနွေးပွဲကျင်းပ
Jan 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ မေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံး လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ယမန်နေ့ ညနေ ၄ နာရီအချိန်က ရှေ့လုပ်ငန်းစဉ်အကြောင်း ဆွေးနွေးပြုလုပ်ခဲ့ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ် စံပြရပ်ကွက်အဖြစ်​ ရွေးချယ်ထား​သော အမှတ်(၇)ရပ်ကွက်အတွင်း သန့်ရှင်းရေးလုပ်ငန်းများ​ ဆောင်ရွက်
Jan 20,2022
မြို့တော်သန့်ရှင်းသာယာ သပ်ရပ်စေရေးအတွက် ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်း မြို့နယ်၊ စံပြရပ်ကွက်အဖြစ်​ ရွေးချယ်ထား​သော အမှတ်(၇) ရပ်ကွက်၊ မလိခလမ်းရှိ မြက်ပင် ခြုံနွယ်များ ရှင်းလင်းခြင်း၊​​​ ရေမြောင်းရှင်းလင်း​ခြင်းနှင့် သန့်ရှင်းရေး ဆောင်ရွက်ခြင်း လုပ်ငန်းများကို ယ​နေ့ နံနက် ၉ နာရီအချိန်က ​​မြို့နယ်စည်ပင် သာယာ​ရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ပြည်ထောင်စုနေ့ (အကြို) ဟောပြောပွဲကျင်းပ
Jan 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ပြည်ထောင်စုနေ့(အကြို) ဟောပြောပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre ) ခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။
လောင်းလုံးမြို့နယ်တွင် မီးသတ်ဦးစီးဌာမှ အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ဆောင်ရွက်
Jan 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မီးသတ်စခန်း၌ မြို့နယ်မီးသတ် ဦးစီးမှူး ဦးဇော်မျိုးဦး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ စွမ်းရည်တိုးတက်ထက်မြက်စေရန် ရည်ရွယ်၍ ယနေ့နံနက်( ၇)အချိန်တွင် လောင်းလုံးမီးသတ်ရုံး၌ အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်အတွင်းရှိ မိဘပြည်သူများနှင့် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးလျက်ရှိ
Jan 20,2022
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ ဝိဇ္ဇာဓမ္မာရုံ၌  ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်မှ စတင်ကာ မိဘပြည်သူများနှင့် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
သရက်ချောင်းမြို့နယ် တီတွတ်ပြင်ကျေးရွာနှင့် အိမ်ရှေ့ပြင်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jan 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမောင်မောင်လွင်နှင့် ၀န်ထမ်းများက ယနေ့ နံနက်(၁၀)နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် တီတွတ်ပြင်ကျေးရွာ အမကကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် Door to Door ကွင်းဆင်းဆောင်ရွက်
Jan 20,2022
ပန်းခင်းစီမံချက်ဖြင့် ပြည်သူများအား ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးနှင့် အိမ်ထောင်စုလူဦးရေစာရင်း များအား တစ်အိမ်ဆင်း တစ်အိမ်တက် Door to Door စနစ်ဖြင့် ကွင်းဆင်း ဆောင်ရွက်ခြင်းကို စဉ့်ကိုင်မြို့နယ်၊ မြို့သစ်ရပ်ကွက် နှင့် တရုတ်စုရပ်ကွက်တို့တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ပေးခဲ့သည်။
အလုံမြို့နယ်၌ အသက်(၁၈)နှစ်အထက် ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covishield) (ပထမ အကြိမ်) ထိုးနှံခြင်းများ ဆောင်ရွက်
Jan 20,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ.ထ.က(၄)ကျောင်းရှိ သီရိရတနာခန်းမတွင် ယ​နေ့နံနက် (၉း၀၀) အချိန်က အသက်(၁၈) နှစ်အထက် ရက်ကွက်နေပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covishield) ထိုးနှံခြင်းကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။