ဝါးခယ်မမြို့လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌စားသုံးသူအခွင့်အ‌ရေးဆိုင်ရာအသိပညာပေး Talk Show ဆောင်ရွက်

ဝါးခယ်မ  ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမ၌စားသုံးသူအခွင့်အရေးဆိုင်ရာအသိပညာပေး (Talk  Show)  ကိုယနေ့ညနေ()နာရီကကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီလွင်က ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန် အသိပညာပေး (Talk  Show)  များဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ပြောကြား၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနစားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မိုးက  စားသုံးသူအခွင့်အရေးဆိုင်ရာ အချက်(၈)ချက်အားအကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရေးအတွက်ဝါးခယ်မမြို့ပြည်သူ့စာကြည့်တိုက်pageတွင်စာအုပ်မိတ်ဆက်ခြင်း၊ကလေးများအတွက်ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြောပြခြင်းနှင့် အခြားဗဟုသုတရဖွယ် အစီအစဉ်များကိုလည်းOnlineမှတဆင့်နေ့စဉ်လွှင့်တင်ပေးလျက်ရှိကြောင်းသိရသည်။

စောသန္တာဦး