ဆားလင်းကြီးမြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိ

ဆားလင်းကြီး ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် အသက်(၁၈)နှစ် အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းနှင့်  ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ပြည်သူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ OSSခန်းမတွင် မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ရာ ဇန်နဝါရီ ၁၉ ရက်နေ့တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံသူ ပြည်သူ(၃၃)ဦးနှင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံသူ ပြည်သူ(၂၀)ဦး စုစုပေါင်း(၅၃)ဦး လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက နေ့စဉ်ကြီးကြပ်၍ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသည့် ပြည်သူများအား ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

ဥမ္မာခိုင်