မြို့သစ်မြို့မှ ကွန်ကရစ်ပစ္စည်းများ ပြုလုပ်ရောင်းချသူ ကုန်ကြမ်းစျေး မြင့်တက်သော်လည်း သက်သာသော်စျေးနှုန်းဖြင့် ဆက်လက်ရောင်းချနေ

မြို့သစ် ဇန်နဝါရီ  ၂၃

မကွေးခရိုင်၊ ​မြို့သစ်မြို့၊ ကွက်သစ်ရပ်ကွက်တွင် ကွန်ကရစ်ပစ္စည်းများ  ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကျွန်တော်တို့အနေနဲ့ ကွန်ကရစ်ပစ္စည်းများကို အဓိကရောင်းအားကောင်းတာကတော့ ကွန်ကရစ်ကျောက်တိုင်၊ ရေထည့်ကျောက်စီများဖြစ်ပါတယ်၊ တစ်ခါတရံ ကျေးလက်လမ်းများ ပြုလုပ်ရာတွင် အသုံးပြုသည့် ရေပြွန်များလည်းပြုလုပ်ပါတယ်၊ ကုန်ကြမ်းပစ္စည်းများဖြစ်တဲ့ ဘိလပ်မြေ၊ ကျောက်စရစ်၊ သဲ၊ သံချောင်းသုံးရတာကြောင့် ပစ္စည်းစျေးများ သိသိသာသာစျေးတက်သွားတယ်၊ ကုန်းကြမ်းပစ္စည်တွေ စျေးတက်သော်လည်း ဝယ်လိုအားပေါ် မူတည်ပြီး အနည်းငယ်ပြောင်းလဲ စျေးတက်ခဲ့တယ်၊ ကျွန်တော်တို့ဆိုင်ကတော့ မိလ္လာသုံးကျောက်ခွေ (၇၀၀၀) ရေပြွန် ၁၀-လယ်(၁၂၀၀၀)၊ ၁၄လယ်(၁၄၀၀၀)၊ ခြံစည်းရိုး ကျောက်တိုင်(၄၂၀၀)၊ ကျောက်စည်(၆၀၀၀)၊ ရှိ ပါတယ်ဟု ကွန်ကရစ်ပစ္စည်းများပြုလုပ် ရောင်းချသူ ဦးမျိုးဝင်း ကပြောသည်။

ပြုလုပ်ရောင်းချသည့်ကွန်ကရစ်ပစ္စည်းများမှာ  ခြံစည်းရိုးကွန်ကရစ်တိုင်၊ မိလ္လာသုံကျောက်ခွေ၊ ရေပြွန်၊ ရေထည့်ကျောက်စီ၊ အုတ်ဖိနပ်တိုင်၊ကျောက်ပန်း စသည့်ပစ္စည်းများအားပြုလုပ်ရောင်းချလျက်ရှိကြောင်းသိရသည်။

သန်းဝင်းထွန်း