အောင်လံမြို့နယ်၌ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲ ကျင်းပ

အောင်လံ  ဇန်နဝါရီ ၂၃

မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ်၌ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၉) နာရီက Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဆရာကြီးဦးသန်းထွန်း(ပညာရေးငြိမ်း)က ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများနှင့် ပတ်သက်၍အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား/သူ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသော ကျောင်းသား/သူများအား ယမန်နေ့ မွန်းလွဲပိုင်းတွင် ဆုများချီးမြှင့် ပေးသွားမည်ဖြစ်သည်။

ထို့နောက် မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသော (၇၅)နှစ်မြောက်  ပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ် စာစောင် ၊ အိုမီခရွန် (Omicron) အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာ မိမိကစ၍ ကာကွယ်ပါစသည့် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ဆရာ/ဆရာမများနှင့် ပြိုင်ပွဲဝင်ကျောင်းသား/သူများမှ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ဇင်ဇင်မင်းမောင်