တရုတ်-မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူများက ကုန်စည်ကူးသန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကွမ်းလုံ ဇန်နဝါရီ        ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကွမ်းလုံမြို့၌ ကုန်စည်ကူးသန်းရာတွင် ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေး တရုတ်-မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူများမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မန်နံနက်(၁၀)နာရီအချိန်က ကွမ်းလုံ-ဟိုပန်-ချင်းရွှေဟော်-လောက်ကိုင် နယ်စပ် ကုန်သွယ်ရေး ကုန်သည်များအသင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ကုန်စည်ကူးသန်းရာ၌ ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှုမှ ကာကွယ် ထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြရန်၊ နှစ်နိုင်ငံ သွင်းကုန်-ပို့ကုန်များတွင် ကိုဗစ်-၁၉ရောဂါ ပါရှိမှုမရှိရေးကိုအလေးထား၍ စနစ်တကျစစ်ဆေးဆောင်ရွက်ကြရန်၊ မြန်မာနိုင်ငံ တွင် စိုက်ပျိုးထားရှိသည့် သီးနှံများအား တရုတ်နိုင်ငံသို့ အချိန်မီတင်ပို့နိုင်ရေးအတွက် တရုတ်နိုင်ငံ ဘက်မှကူညီဆောင်ရွက်ပေးရန်နှင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာသည့် ကုန်သွယ်ရေးဦးစီးဌာန ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ညွှန်ကြားရေးမှူး ဦးနန္ဒ၊ ကွမ်းလုံမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဉက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးနှင့် ကော်မတီအဖွဲ့ဝင်များ၊ တရုတ်နိုင်ငံ ကိန်းမခရိုင် ဒုခရိုင်မှူး မစ္စတာကျောက်ယွင်ဖုန်းနှင့် အဖွဲ့များက ပိုးသတ် ကားဝင်းအတွင်း တရုတ်-မြန်မာနှစ်နိုင်ငံမှ ပို့ကုန်/သွင်းကုန်ယာဉ်များအား ပိုးသတ်ဆေးဖျန်း ဆောင်ရွက်နေမှု၊ ယာဉ်မောင်းခန်း၊ ထိတွေ့ကိုင်တွယ်မှုများသည့်ယာဉ်ကိုယ်ထည်နှင့် ပို့ကုန်/ သွင်းကုန်များတွင် ကိုဗစ်-၁၉ရောဂါရှိ/မရှိ RDT (Test Kit) ဖြင့် ရယူဆောင်ရွက်နေမှုများကို ကြည့် ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ်