မင်္ဂလာဒုံ မြို့နယ်တွင် အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sputnik light) (ရုရှား) ကာကွယ်ဆေး စတင်ထိုးနှံပေး

မင်္ဂလာဒုံ ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါလျော့နည်းကျဆင်းစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကိုနေ့စဥ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အသက်(၁၈ )နှစ်နှင့်အထက် ပြည်သူများအား (Sputnik light) (ရုရှား)ကာကွယ်ဆေး ကိုထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်များမှအပ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအားလုံးကို ထိုးနှံပေးသွားမည်ဖြစ်ပြီး တစ်ကြိမ်သာ ထိုးနှံပေးရမည့်ကာကွယ်ဆေးဖြစ်သည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော ပြည်သူများအား ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်း ကော်မတီအဖွဲ့များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ Volunteer များက ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်း ဖြစ်ကာ ဆေးထိုးနှံပြီးရာ

တွင်လည်း မိနစ်( ၃၀) အကြာ စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုပြီးယနေ့တွင် Sputnik light (ရုရှား)ကာကွယ်ဆေးထိုးနှံသူစုစုပေါင်း(၁၀၁၅)ဦးရှိကြောင်းသိရသည်။

အသက်(၁၈) နှစ်နှင့်အထက်ပြည်သူများအားအဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sputnik light (ရုရှား) ကာကွယ်ဆေးကို ရပ်ကွက်၊ ကျေးရွာများအလိုက် နေ့စဥ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သန္တာ