ရခိုင်ပြည်နယ် မောင်တောမြို့၌ ဦးတည်အုပ်စုတွင်ပါဝင်သူများအား ဆဋ္ဌမအသုတ် (ပထမ)အကြိမ်အဖြစ် လူဦးရေ ၃၉၁၀ ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးပြီးဖြစ်

မောင်တော  ဇန်နဝါရီ   ၂၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများအား ဆဋ္ဌမအသုတ် ပထမအကြိမ် အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဇန်နဝါရီ  ၂၂ ရက် နံနက်ပိုင်းက သတ်မှတ်နေရာများတွင် ဆက်လက်ထိုးနှံ ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများ မှတ်ယူခြင်း ၊ ကျန်းမာရေးဝန်ထမ်းများအားက လာရောက် ထိုးနှံသည့် ဦးတည် အုပ်စုတွင် ပါဝင်သည့် သူများအား ကိုယ် အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ်ဆေးထိုးနှံနေမှုများအား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ဦးတည်အုပ်စုတွင် ပါဝင်သည့် သူများအား ဆဋ္ဌမအသုတ် ပထမအကြိမ်အဖြစ် နိုင်ငံဝန်ထမ်း ၄ ဦး၊  အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ  ၂၀၆ ဦး ၊ မှီခို ၁၅၈ ဦး ၊ စုစုပေါင်း ၃၆၈ ဦး အား ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခဲ့ပြီး ဆဋ္ဌမ အသုတ် (ပထမ) အကြိမ်အဖြစ် ဇန်နဝါရီ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့ထိ ကာကွယ်ဆေးထိုးနှံပြီးသူ ၃၉၁၀ ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)