ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့၌ ဦးတည်အုပ်စုတွင်ပါဝင်သူများအားပထမအသုတ် (ပထမ)အကြိမ်အဖြစ် လူဦးရေ (၁၅၄) ဦးကို ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးပြီးဖြစ်

တောင်ပြိုလက်ဝဲ  ဇန်နဝါရီ   ၂၃

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊တောင်ပြိုလက်ဝဲမြို့ ၊မြို့ပေါ်ရပ်ကွက်များ၌ ဦးတည် အုပ်စုတွင်ပါဝင်သည့်သူများအား ပထမအသုတ် (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့က သတ်မှတ်နေရာများတွင် ဆက်လက်ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ စာရင်းများမှတ်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများအားက လာရောက် ထိုးနှံသည့်ဦးတည်အုပ်စုတွင် ပါဝင်သည့်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေး ကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့် သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ်ဆေးထိုးနှံနေမှုများအား ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်းမှ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေး လျက်ရှိသည်။

အဆိုပါ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများအား ပထမအသုတ် (ပထမ) အကြိမ်အဖြစ်(၁၅၄)ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီထိုးနှံ ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သိန်းနိုင်(ပြန်/ဆက်)