မကွေး ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၂) အစည်းအဝေးကို ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အောက်ထပ်အစည်း အဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အစည်းအဝေးတွင် ဦးစွာ မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးမြို့ အပါအဝင် တစ်တိုင်းလုံးမှာ သွားလာနေ ကြသည့် ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များ စိတ်ချမ်းမြေ့ပျော်ရွှင်လုံခြုံစိတ်ချစွာ တည်းခို နေထိုင်နိုင်ရေးသည် အဓိကဖြစ်ကြောင်း၊ မကြာခင်မှာ ဖွင့်လှစ်မည့် ရွှေစက်တော်ဘုရားပွဲမှာ လာရောက်ကြမည့် ဧည့်သည်များ အဆင်ပြေချော့မွေ့စွာ သွားလာတည်းခိုနေထိုင်နိုင်ရေး စီစဉ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မကွေးတိုင်းဒေသကြီးကို မြန်မာနိုင်ငံ၏ ထင်ရှားသည့် ခရီး စဉ်ဒေသများထဲတွင် တစ်ခုအပါ အဝင်ဖြစ်ရေး ကြိုပမ်းဆောင်ရွက် ကြစေလိုကြောင်း၊ တိုင်းဒေသကြီးအတွင်း၌ ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်(HR)သင်တန်းများ ဖွင့်လှစ် ပို့ချနိုင်ရေးနှင့် ရွှေစက်တော်ဒေသအား Eco. Tourism Site site တစ်ခုအဖြစ် အကောင်အထည်ဖော်နိုင်ရေးတို့အတွက် တက်ရောက်လာတဲ့ ကော်မတီအဖွဲ့ဝင်များမှ ဝိုင်းဝန်း အကြံပြု ဆွေးနွေးပေး ကြရန် ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ဒေသဆိုင်ရာခရီးသွားလုပ်ငန်းများနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားပြီး၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိန်က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်အား ဆောင်ရွက်ပြီးစီး မှု (၁/၂၀၂၂) အစည်း အဝေး အမှာစာနှင့် ဝန်ကြီးဌာနမှ လုပ်ကိုင်ဆောင်ရွက်နေ သည့် ခရီးသွား လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြကာ၊ ကော်မတီအဖွဲ့ဝင်များက မိမိတို့ ဌာနအလိုက် အကြံပြုဆွေးနွေး တင်ပြခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဟိုတယ်/မိုတယ်(၁၁)လုံးအား သက်တမ်းတိုးခွင့်ပြုပေးခြင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ အထင်ကရခရီးစဉ်ဒေသများအား ရိုက်ကူးထားသော (၅)မိနစ်စာ အပိုင်း(၁) Video Clip အား ခရီးသွားလုပ်ငန်းဆိုင်ရာ သင့်တော်ရာ ရုပ်သံလိုင်းများ၊Media များမှ တစ်ဆင့် ထုတ်လွှင့်ကြော်ငြာရန် ခွင့်ပြုခြင်းနှင့် ဟိုတယ်မိုတယ်များအား ကိုဗစ်-၁၉ ဘေးကင်း လုံခြုံရေးဆိုင်ရာ ဆင့်ပွားသင်တန်းများပေးခြင်း၊ ဒေသအဆင့်ဘေးကင်းလုံခြုံရေး (Regional Plaque) အသိအမှတ်ပြု တံဆိပ်များ ထုတ်ပေးခြင်းတို့အား မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆုံးဖြတ်ခွင့်ပြု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ(မကွေး)