ဗုဒ္ဓကလျာဏယုဝအသင်း (ဗဟို) (YMBA) တွင် ၂/၂၀၂၂ ဘွဲ့တော်များ ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Feb 03,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်ရှိ ရွှေတိဂုံစေတီတော် အောက်ပစ္စယာ၊ မော်တော်ယာဉ်ရုံးအနီးရှိ ဗုဒ္ဓကလျာဏယုဝအသင်း (ဗဟို) (YMBA) တွင် ၂/၂၀၂၂ ဘွဲ့တော်များ ပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် (၀၈:၃၀) နာရီ အချိန်က ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ဘဒ္ဒန္တတိလောကာဘိဝံသ (အင်းစိန်ရွာမပရိယတ္တိကျောင်းတိုက်) ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ မြို့တော်ဝန်ဦးဗိုလ်ဌေး၊ YMBA အသင်း ဥက္ကဋ္ဌ ဦးရဲထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်မင်းကျော်သူ၊ ဘွဲ့ရရှိသည့် ဆရာတော်များနှင့် လူပုဂ္ဂိုလ်များစုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။