ရေး ဖေဖော်ဝါရီ ၃
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၁၁ နာရီ အချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ပထမဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သိမ့်သိမ့်ရည်က ကလေးငယ်များ၏ ကာယ၊ ဉာဏများ ဖွံ့ဖြိုးတိုးတက်စေရန်၊ လက်ချောင်းလေးများ သန်မာစေရန်၊ အသီးအရောင်များနှင့် အသီးအမျိုးအမည်များကို သိရှိစေရန် အတွက် ယခုလိုပြိုင်ပွဲများကို ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ကျော်ဦးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြစန္ဒာညိုတို့မှ ကလေးငယ်များ ဆေးရောင်ခြယ်မှုကို ကြည့်ရှုခဲ့ကြပြီး အာဟာရဖြည့်စွက်စာများအဖြစ် ပဲနို့နှင့်မုန့်များကို ကျွေးမွေးခဲ့ကြကြောင်း သိရသည်။
ခင်သိမ့်သိမ့်ရည် (ပြန်/ဆက်)