ဒေါပုံ ဖေဖော်ဝါရီ ၃
ကျောင်းသားကျောင်းသူများ ကျန်းမာကြံ့ခိုင်စေရန်နှင့် ကာယစွမ်းအားများ တိုးတက်ကောင်းမွန် လာစေရန် ရည်ရွယ်၍ ဒေါပုံမြို့နယ် ယမုံနာ (၁) ရပ်ကွက်ရှိ အ.မ.က(၁) ကျောင်းဝန်းအတွင်း အားကစားကွင်းအား ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၈နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ပေးအပ်ထားသော အားကစားပစ္စည်းများကို ယမုံနာ (၁) ရပ်ကွက် အုပ်ချူပ်ရေးမှူးမှ ဦးဆောင်၍ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ဆရာမများက ကျောင်းဝန်းအတွင်း ပြင်ဆင်ဆောင်ရွက်ခဲ့ရာ အဆိုပါ အားကစားကွင်းအား ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ပြီး ထိုအားကစားကွင်းတွင် လက်လှည့်ကွင်းများ၊ ခြေနင်းများစသည့် အားကစားကွင်း၊ အားကစားပစ္စည်းတန်ဖိုး စုစုပေါင်း (၂၉) သိန်းခန့် ရှိကြောင်း သိရသည်။
အဆိုပါကျောင်း အားကစားကွင်းဖွဲ့သို့ ရပ်ကွက်အုပ်ရေးမှူး ဦးခိုင်ထွန်း၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယဉ်မော် (ပြန်/ဆက်)