သတင်းများ

ငပုတောမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဓါတ်မြေသြဇာ ပေးအပ်ပွဲနှင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ
Feb 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ အုန်းပင်စုကျေးရွာအုပ်စု၊ အုန်းပင်စု ကျေးရွာတွင် ကျေးလက်လမ်း ဦးစီးဌာနမှ ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲနှင့် ကံစုကျေးရွာတွင် ဓါတ်မြေသြဇာပေးအပ်ပွဲနှင့် စည်ပင်သာယာရေး ကော်မတီမှ ဆောင်ရွက်ခဲ့သော မြို့တွင်း လမ်းဖြစ်သည့် ဥယျာဉ်ကုန်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဆောင်ရွက်ခဲ့သည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝေါမြို့အောင်ချမ်းသာ၊ အရှေ့ဘက်ကမ်းရပ်ကွက် သခင်လှမြိုင်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Feb 03,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်း ဝေါမြို့စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့်ဆောင်ရွက်သော (မြို့ပြလမ်း) ဝေါမြို့ အရှေ့ဘက်ကမ်းရပ်ကွက် သခင်လှမြိုင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဖေဖော်ဝါရီ(၁)ရက်နေ့ နံနက် (၁၁) နာရီက အဆိုပါကွန်ကရစ် လမ်းသစ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
တောင်ကုတ်မြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် စေတနာရှင်ပြည်သူများ စုပေါင်း၍ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ
Feb 03,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ် ကွက်အုပ်ချုပ်ရေးမှူးများနှင့် တောင်ကုတ်တပ်နယ်မှ မိသားစု ဝင်များ၊ စေတနာရှင်ပြည်သူများပူးပေါင်း၍ ဆွမ်းဆန်တော်လောင်းလှူပွဲကို ဖေဖေါ်ဝါရီ(၁) ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိစက်မှုဇုံများတွင် လုပ်ငန်းများ ပုံမှန်လည်ပတ်ခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေး
Feb 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိစက်မှုဇုံများတွင် လုပ်ငန်းများ ပုံမှန်လည်ပတ်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်၊၊
ထန်းတပင်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်
Feb 03,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ဖေဖော်ဝါရီလ(၁)ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမိန်ဗရမ်းလမ်း ကတ္တရာထပ်ပိုးလွှာလမ်း ဖွင့်ပွဲကျင်းပ
Feb 03,2022
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စည်ပင်သာယာ ရေးအဖွဲ့ပိုင် သမိန်ဗရမ်းလမ်း ကတ္တရာထပ်ပိုးလွှာ လမ်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်(၈)နာရီအချိန်က အဆိုပါလမ်းတွင်ကျင်းပသည်။
အမ်းမြို့နယ်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Feb 03,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်ရင်း/တပ်ဖွဲ့များမှ တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဒေသခံပြည်သူများ စုပေါင်းပါဝင်၍ ဖေဖော်ဝါရီ (၁) ရက်နေ့ ညနေ(၃)နာရီအချိန် ကျင်းပခဲ့ကြောင်း သိရှိရသည်။
ပေါက်တောမြို့၌ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Feb 03,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ရဟန်း၊ သာမဏေများ ခေတ္တနားခိုသည့် မြို့နယ် သာသနာ့ဗိမာန်စု ရပ်မှ ဇန်နဝါရီလ ၁ ရက်နေ့ ညနေ(၃:၀၀)နာရီအချိန်က စတင်၍ မြို့တစ်ပတ်လှည့်လည် ကျင်းပပြုလုပ်သည်။