ဗုဒ္ဓကလျာဏယုဝအသင်း(ဗဟို)(YMBA)တွင် ၂/၂၀၂၂ဘွဲ့တော်များပေးအပ်ပွဲ အခမ်းအနားကျင်းပ
Feb 03,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ၊ဘုရားကြီးရပ်ကွက်ရှိ ရွှေတိဂုံစေတီတော်အောက် ပစ္စယာ၊ မော်တော်ယဉ်ရုံးအနီးရှိ ဗုဒ္ဓကလျာဏယုဝအသင်း(ဗဟို) (YMBA)တွင် ၂/၂၀၂၂ ဘွဲ့တော်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့(၁-၂-၂၀၂၂) နေ့နံနက်(၀၈း၃၀)နာရီအချိန်က ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ဘဒ္ဒန္တတိလောကာဘိဝံသ (အင်းစိန်ရွာမပရိယတ္တိကျောင်းတိုက်) ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွှန့်ဝင်းဆွေ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းတင့်၊ မြို့တော်ဝန်ဦးဗိုလ်ဌေး၊ YMBAအသင်း ဥက္ကဋ္ဌဦးရဲထွန်း၊ဒုတိယဥက္ကဌဒေါက်တာအောင်မင်းကျော်သူ၊ ဘွဲ့ရရှိသည့် ဆရာတော်များနှင့် လူပုဂ္ဂိုလ်များ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။