ချောင်းဦး ဖေဖော်ဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ဖေဖော်ဝါရီ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က စတင်ပြီး ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဌာနဆိုင်ရာများ စုပေါင်း၍ အားကစားပြိုင်ပွဲများ ကျင်းပခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်နှင့် အဖွဲ့ဝင်များ ဦးဆောင်ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ လွန်ဆွဲ(ကျားမ)၊ စကောရွက်(ကျားမ)၊ သံပုန်းရိုက်(ကျားမ) အားကစားပွဲများကျင်းပခဲ့ရာ ပျော်ရွှင်စွာ ယှဉ်ပြိုင်ကစားခဲ့သည်။ ဆုရရှိသူများအား ဥက္ကဋ္ဌ ဦးထူးကျော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက ဆုများချီးမြှင့် ပေးအပ်ခဲ့သည်။
၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ဖြစ်သည့် ကဗျာရွတ်၊ ပုံပြင်ပြော၊ စာစီစာကုံး၊ ဆေးရောင်ခြယ် ပြိုင်ပွဲများ ဆက်လက်ကျင်းပပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်/ဆက်)