သတင်းများ

ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာရွတ်၊ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Feb 02,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် ၈ နာရီခွဲက ခရိုင်ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲ၊ ဆေးရောင်းခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား အသွားအလာ ကန့်သတ် စောင့်ကြည့်ထားရှိ
Feb 02,2022
နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည် လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား ကလေးငယ် (၁၀)ဦးအပါအဝင် အမျိုးသား ၆၁ ဦး၊ အမျိုးသမီး ၄၁ ဦး၊ စုစုပေါင်း အလုပ်သမား (၁၁၂)ဦး ဖေဖော်ဝါရီ ၁ ရက်နေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့၊ တာဝန်ရှိ အဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လာရောက်လွှဲပြောင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကော့သောင်းမြို့ ကျက်သရေဆောင်ပြည်တော်အေးစေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော် လှည့်လည်ပူဇော်
Feb 02,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် တည်ထားကိုးကွယ်သည့် မြို့ကျက်သရေဆောင် ပြည်တော်အေး စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်အား မြို့ခံပြည်သူများ အနီးကပ်ဖူးမြော် ကြည်ညိုနိုင်ကြစေရန် ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေပိုင်းက ကော့သောင်းမြို့တွင်း လှည့်လည်အပူဇော်ခံခဲ့ကြောင်းသိရသည်။
ရှမ်းရွာသစ်မြို့ အမှတ်(၂)ရပ်ကွက်၊ ပန်းခြံအရှေ့ အုတ်စီရေမြောင်း ပြုလုပ်ခြင်းနှင့် မြောင်းအ ဖုံးပြုလုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး
Feb 02,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြု ရန်ပုံငွေများဖြင့် မြို့သန့်ရှင်း သာယာ လှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေး၊ မြို့တွင်း ရပ်ကွက်များတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင် ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ်မြို့ အမှတ်(၂) ရပ်ကွက်၊ ပန်းခြံရှေ့ အုတ်စီရေမြောင်းပြုလုပ်ခြင်းနှင့် မြောင်းအဖုံး ပြုလုပ်ခြင်းလုပ်ငန်းကို မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် နိုဝင်ဘာလမှ စတင် ဆောင်ရွက် လျက်ရှိရာ ယ‌ခုအခါတွင် လုပ်ငန်းရာနှုန်းပြည့်ပြီးစီးနေပြီး ဖြစ်ကြောင်း သိရသည်။
မလှိုင်မြို့၊ မြို့မစည်ပင်သာယာဈေးနှင့် ဈေးပတ်ဝန်းကျင်ရှိ ဆိုင်များ ပုံမှန်ရောင်းချခဲ့
Feb 02,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့၊ မြို့မစည်ပင်သာယာဈေးနှင့် ဈေးကြီးပတ်ဝန်းကျင်ရှိ ဆိုင်များ၊ ရပ်ကွက် အတွင်းရှိဈေးဆိုင်များနှင့်လမ်းများတွင် ယမန်နေ့က ပုံမှန်အတိုင်း ရောင်းဝယ်သွားလာလျက် ရှိကြောင်း သိရသည်။
ပြင်ဦးလွင်မြို့တွင် ပန်းခင်းစီမံချက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေဆောင်ရွက်
Feb 02,2022
ပြင်ဦးလွင်မြို့နယ် လူဝယ်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူး ဦးစောဝဏ္ဏနှင့် ဝန်ထမ်းများ ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ ဖေဖော်ဝါရီ ( ၁ ) ရက်၊ နံနက် (၁၁) နာရီအချိန်မှစတင်၍ ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး (၅) ရှိ မြို့အဝင်ကျောက်တောင်နှင့် နာရီစင်တို့တွင် ပန်းခင်းစီမံချက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အလယ်တန်း အဆင့် ပုံပြောပြိုင်ပွဲကျင်းပ
Feb 02,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အလယ်တန်းအဆင့် ပုံပြောပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မိတ္ထီလာတွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ
Feb 02,2022
မိတ္ထီလာမြို့ အထက (၁) တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပကြောင်း သိရသည်။