ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှုဆိုင်ရာလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Feb 02,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားရှိ ကုန်သွယ်ရေးဝန်းအတွင်း တွင် တစ်ဖက်ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှုကို ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပေးသော တစ်ဖက်နိုင်ငံ အခွန်ကောက်ခံမှု သက်သာခွင့်ပုံစံ(Form-D)ဖြင့် ဖေဖော်ဝါရီလ(၁) ရက်နေ့မှစတင်ပြီး တင်ပို့ခွင့်ရရှိသည့်အတွက် အဆိုပါ ပြောင်းတင်ပို့မှု လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။